scrollbar{height:14px;width:14px;background:#eee;border-left:1px solid #ddd}::-webkit-scrollbar-thumb{background:#ddd;border:1px solid #ccc}::-webkit-scrollbar-thumb:hover{border:1px solid #bbb}::-webkit-scrollbar-thumb:active{background:#ccc;border:1px solid #aaa} from - http://www.akarphyoe.com

Wednesday, December 19, 2012

ဖုံး အလကား ပြောမယ်++ Aire Talk

Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။
Aire Talk: Free All in One Communication App
အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။
Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း အသုံးပြုလို့ရတာကို တွေ့ရပါတယ်။
App ကတော့ Aire Talk လို့ခေါ်ပါတယ်။
Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့ Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။ အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့
၁. ဖုံးပြောလို့ရပါမယ်။ Voice/Video
၂. SMS ပို့လို့ရပါမယ်။
၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။
၎.Voice Message ပို့လို့ရပါမယ်။
၅. Photo တွေ ပို့လို့ရပါမယ်။
၆. File တွေ ပို့လို့ရပါမယ်။
၇. Location ကို Share လို့ရပါမယ်။
Internet Bandwidth အများကြီး မကောင်းရင်တောင် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။
Android အတွက်
Direct Download Link
http://www.airetalk.com/downloads/aire-android.apk
Google Play Store Link
https://play.google.com/store/apps/details?id=com.pingshow.amper
iOS အတွက် iTunes Link
http://itunes.apple.com/cn/app/isingfafa/id495640197?l=en&mt=8%22
Tine Htet Aung: TSJ Tech Team
http://www.airetalk.com/
Posted by Aung Khamkyaw
  ★ရဲလတ်★★ မှတင်ပြခဲ့ပါသည်

wifi လွှင့်ချင်တဲ့ သူငယ်ချင်းများ အတွက်

သူငယ်ချင်းတို့ laptop ကနေဖြစ်ဖြစ်  pc ကနေဖြစ်ဖြစ် wifi လွှင့်လို့ရအောင်
အောက်က connectify လေးကို ဒေါင်းလိုက်ရင်ရပါပြီ။
အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ ကွန်ပြူ တာမှာ  Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကိုMy Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ်
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် 
.. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ ..
ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ .
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ ..
ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ ..။
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး မိမိကွန်ပြူတာ မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် ..။
အဆင်ပြေပါစေသူငယ်ချင်းတို့။


Tuesday, December 18, 2012

Viber ကို PC ပေါ်မှာသုံးမယ်

ကျနော် သူငယ်ချင်းတွေနဲ့ online မှာ စကားပြောဖြစ်တော့ သူတို့ကမေးကြတယ်။ မင်း Viber မသုံးဘူးလားလို့မေးကြတယ်။ ကျနော်ကမသုံးဘူးလို့ပြောလိုက်တယ်။ ခဏခဏ မေးလာလို့ ဒီပိုစ့်လေးကိုတင်လိုက်တာပါ။
အမှန်တော့ Viber သုံးဖို့ ကျနော့်မှာ ipad, iphone, Android Tablet,Android Phone , windows Phone တို့မရှိလို့လေ။
ဒါနဲ့ Google ကိုအကူအညီတောင်းတော့ Android SDK , You Wave Android တို့မှာတင်သုံးရင်၇တယ်ဆိုလို့ တင်ကြည့်သေးတယ်။ ကျနော်မလုပ်တတ်လို့ထင်တယ်။ သုံးလို့မရဘူးဖြစ်နေတယ်။သူငယ်ချင်းတွေ ကလိလို့ရအောင်ကျနော်တင်ပေးပါဦးမယ်။
နောက်ဆုံးတော့ bluestacks လေးနဲ့ အဆင်ပြေသွားတယ်။
Install လုပ်မယ်ဆိုရင် အရင်ဆုံး http://bluestacks.com/ ကိုသွားပြီးDownload ဆွဲပြီး install လုပ်လိုက်ပါ။
ပြီးရင်အောက်က video လေးကိုကြည့်ပြီးလုပ်လိုက်နော်။လွယ်ပါတယ်။
http://youtu.be/YrXL8KrGkm0

   moe z မှတင်ပြခဲ့ပါသည်.(အနာဂတ်ကြယ်ပွင့်) မှ...

WIFI Password ခိုးနည်းလေး ပေးလိုက်ပါတယ်

ဆိုင်ကစက်တွေကနေ  ကိုယ်ပိုင်စက် ကို
Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက်
 WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ...:D ကဲ လုပ်ကြည့်နော်..
ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့  ကိုယ့်စက်ဖွင့်မရသူတွေ
အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော်

...
 WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။


အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။

အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော်

လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်..

ပထမနည်းကတော့ Cracking  ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။

ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။

လုပ်နည်းလေးကတော့။

အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။

အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။

 ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက်
က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။
အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။
ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့  ဥပမာ..ပြထားတဲ့  ( 069500  ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 )
လို့ရိုက်ထည့်ပါ။
အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm  တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK  သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။
ခနစောင့်.... Connection နေရာမှာ Connected  ဖြစ်သွားပါလိမ့်မည်။။။

ဥပမာ..အောက်မှာကြည့် ပါ။
                         Azlie
617a6c69303761707231393738


         092f222

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

         shaiful
30313232343433333730313233

>>>>>>>>>>>>>>>>>>>>>>>>>>>>>


         Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>

     Yong ah foo
31393230333331313435323233

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
      meingan
63353131313036303535323735

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>



ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။


နောက်တစ်နည်း။။  ။။

SSID နာမည်တွေကို Cracking ခွေနဲ့ခိုးတဲ့နည်းပါ။
အဲဒီအခွေက Wireless password တင်မကဘူး  Creadit card password အထိ Hacking လုပ်လို့ ရပါတယ်။

Download here  CD အခွေလေးပါတင်ပေးထားပါတယ် ဒေါင်းထားလိုက်ပါဦး

from - http://www.thespiritfruit.com

    ★အောင်ကိုမြင့်★♥♪♥♫ မှတင်ပြခဲ့ပါသည်

မိတ်ဆွေတို့ရဲ့စက်က RUN BOX အတွင်းမှ အသုံးတည့်သော SEARCH KEY များ

မိတ်ဆွေတို့ရဲ့စက်က RUN BOX အတွင်းမှ အသုံးတည့်သော SEARCH KEY များ
9:02 PM thar gyi
အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ ရေးထားတာကတော့
အများကြီးဘဲ ကျွန်တော်ရေးထားတာတော့ မဟုတ်ပါဘူး။ တနေ့ကို နည်းနည်း နည်းနည်း လေ့
လာသွားရင်တော့အကျိုးရှိနိုင်ပါတယ်ဗျာ။
1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ
2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။
3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ
4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter
ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။
5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။
Search မှာ ရိုက်လို့မရပါ။
6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ
7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။
8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။
9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command
အသစ်တစ်ခုဖြစ်ပါတယ်။
10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။
ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk
(check disk) ကိုသုံးခြင်းဖြစ်ပါတယ်။
11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက်
cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။
12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device
m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။
13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။
14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က
Comp Mgmt Launcher ဖြစ်ပါတယ်။
15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့
ရိုက်ထည့်ရင်လည်း ရပါတယ်။
16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk
Cleanup ပေါ်ပါတယ်။
17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့
ရိုက်ထည့်ပါ။
18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး
Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။
19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု
ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool
လည်းဖြစ်ပါတယ်။
20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့
ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm
Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization
> Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့
ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။
အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို
logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။
21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို
စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager
အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။
22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ
dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။
23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box)
ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ
Forgetten Password Wizard သာပေါ်ပါတယ်။
24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။
DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။
25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု
ဖြစ်ပါတယ်။
26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။
27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command
အသစ်တစ်ခုဖြစ်ပါတယ်။
28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့
မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ
Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။
29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search
မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း
ရပါတယ်။
30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။
31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့
ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။
32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။
အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။
Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter
ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။
33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့
ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ
control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့
Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or
keyboard’ ပေါ်လာပါမယ်။
34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း
အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center
မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။
35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။
36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့
သင်မြင်လိုက်ရမယ်မဟုတ်ပါ။
37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့်နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့
iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box)
ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး
ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။
39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box)
ပေါ်လာပါမယ်။
40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff
ဖြစ်သွားပါလိမ့်မယ်။
41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။
42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command
အသ်စတစ်ခုဖြစ်ပါတယ်။
43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။
44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ်
ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း
Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့
ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the
computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။
45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို
နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ်
မဟုတ်ပါ။
46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။
ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။
47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့
ရိုက်ထည့်ပါ။
48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။
Command အသစ်တစ်ခု ဖြစ်ပါတယ်။
49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box)
ပေါ်လာမှာပါ။
50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။
51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ
ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။
52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command
အသစ်တစ်ခုဖြစ်ပါတယ်။
53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့
ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။
55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။
56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။
57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။
58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့်
နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။
59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command
အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။
60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။
61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့
ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။
62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။
63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။
64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။
65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင်
မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။
Command အသစ်တစ်ခုဖြစ်ပါတယ်။
67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။
68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။
69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို
လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။
70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command
အသစ်တစ်ခုဖြစ်ပါတယ်။
71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့
မြင်ရမယ် မဟုတ်ပါ။
72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။
73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။
74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break
ကီးများနှိပ်ရင်လည်း ရပါတယ်။
75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။
Command အသစ်တစ်ခုဖြစ်ပါတယ်။
76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။
Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။
77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။
78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင်
‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး
လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။
79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး
၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off
display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့
ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။
80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။
81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2
လို့ ရိုက်ထည့်လည်း ရပါတယ်။
82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။
Command အသစ်တစ်ခုဖြစ်ပါတယ်။
84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။
86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊
ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။
87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control
(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။
88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database
ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။
89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared
Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။
91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection
ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner
အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့
ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command
အသစ်တစ်ခု ဖြစ်ပါတယ်။
မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို
Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။
  ★ရဲလတ်★★ မှတင်ပြခဲ့ပါသည်

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့

စာရှည်လို့ မဖက်ပဲမနေပါနဲ့ အကျိုးရှိ
စေမယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ကျွန်မ သူ့ ကိုအမြဲ သတိပေးနေကြ
“ ခင်မရေ.. ပြင်ပြင်ဆင်ဆင်နေကွဲ့ .
.တော်ကြာ ကိုတင်အောင်ကြီး နောက်
တစ်ယောက်တွေ့မယ်နော် ” လို့ အမြဲတွေ့တိုင်းပြောဖြစ်တယ်။ အဲဒီအခါမှာ သူငယ်ချင်း ခင်မ က
“ အိုအေ..ကလေးပဲ၃ ယောက်ရနေပြီ
ဒင်းခြေမရှုပ်ရဲပါဘူး..ခင်မလက်ချက်မိသွားမှာပေါ့ ” လို့ ပြန်ပြောတတ်တယ်။ ကျွန်မ သက်ပြင်းချရင်း “ အဲဒီ “ခပ်ကြမ်းကြမ်းအပြောတွေပါ လျော့အေ.. ဒါဘဲ.. ငါထပ်မပြောချင်တော့ဘူး.. ရင်လေးတယ်” ပြောလဲပြော ကျွန်မသူ့ အိမ်ကနေ လေးကန်စွာနဲ့ ပြန်လာမိတယ်။ လမ်းတစ်လျောက်လဲ အတွေးတွေက ဟိုရောက်ဒီရောက် ပေမယ့် ခင်မရဲ့ ငယ်ရုပ်ငယ်သွေးကို ပြန်မြင်ယောင်နေတာတော့အကြိမ်ကြိမ်ပါပဲ။
ခင်မအပျိုဘဝက တော်တော်လှတဲ့ မိန်းမ စာရင်းဝင်မယ်ထင်တယ်။ ခုများတော့ ကလေး ၃ ယောက် က တစ်ဖက်အိမ်မှုကိစ္စကတစ်ဖက်နဲ့ ဆံပင်စုတ်ဖွာ ကို ညှပ်ကလစ်ကြီးနဲ့နောက်လှန်တင်ထား ပြီး အနွေးထည်တစ်ထည်ခပ်ပါးပါးကိုအမြဲဝတ်ထားတာမြင်ရတော့အဖွားကြီးအိုပေါက်စနှယ် ရှိရင်းစွဲအသက်ထက်ရင့်ရော်လို့နေတယ်.။ အသက် ကတော့ကျွန်မနဲ့တူတူ ၃၈ ပေါ့။
သူတို့ အိမ်ထောင်သက်လဲမနည်းတော့ပါဘူး.ကျွန်မတို့အိမ်ထောင်သက်နီးနီးလောက်ပဲ ။သမီးအကြီးလေးတောင် ၇ တန်းတက်နေပြီပဲ.။အငယ်ဆုံးသားလေးက တော့မူကြိုတက်နေတဲ့အရွယ်လေးပဲရှိသေးတယ်။ ကလေးတွေကျောင်းပို့ရင်းအိမ်ရှေ့ ကနေ အမြဲ ပျာရီးပျာယာနဲ့ အငယ်ဆုံးကလေးလက်ကိုဆွဲပြီး ဖြတ်လျောက်သွားနေကျ၊ အပြန်ကျတော့ကလေးမပါတာမို့ ကျွန်မအိမ်ကိုတစ်ထောက်ဝင်နားရင်း သူ့ အိမ်သားကိုတင်အောင့် အတင်းလာလာတုတ်နေလေ့ရှိတယ်.။
သူအမြဲ ပြောနေကျစကားက “ လင်နေစ ဆင်သေမှ ဆိုသလိုပေါ့အေ.. ကိုတင်အောင်များမလှုပ်ရဲအောင် ခပ်ကြမ်းကြမ်း ဆုံးမထားတယ်..ငါ ဝဝလာတာ ခပ်ကောင်းကောင်းသိလား.. ဗလ ကသူ့ထက်သာတော့ တစ်ချက်ကိုင်ဆောင့်လိုက်တာနဲ့ ငြိမ်ကျသွား စေရမယ်..” ဆိုပြီးသူ့စကားသူသဘောတကျ တစ်ခွိခွိရယ်နေပါလေရော..ကျွန်မကတော့ အမြဲသူနဲ့ ဆန့် ကျင်ဘက် ပြန်ပြောလေ့ရှိလို့ ကျွန်မ တို့ နှစ်ယောက်သိပ်အစေးကပ်လှတယ်ရယ်မဟုတ်ဖူး။
နောက်ဆုံး ပိတ် “ ဒီမယ်... ညည်းသာလေ..ယောင်္ကျားကိုဘုရား ထူး သားကိုသခင်ထူးနေ..ကျုပ်တော့ အဲလို မလုပ်နိုင်ပေါင်..လင်ကြောက်တဲ့မိန်းမ အထဲ ခင်မတို့ မပါ ဘူးအေ့” ဆိုပြီး အနိုင်ပိုင်းစကားအဆုံးသတ်လေ့ရှိတယ်။ ကျွန်မ ပြုံးရုံသာပြုံးကျန်နေခဲ့မိတယ်.။ ခက်လဲခက်တဲ့ ခင်မရယ် .. စာဖတ်ပါဆိုတော့လဲ စာဖတ်ဖို့ အချိန်မရဘူး တဲ့.။ ကောင်းပြီ စာမဖတ်ရင်လဲ တရားလေးတစ်ပုဒ်တော့ နာဖြစ်အောင်နာဆိုတော့လဲ အခုမှ လေးဆယ်တောင်မပြည့်သေးတာ ငါက ဘာလို့နာရမှာလဲ ဆိုပဲ.။ သူ့ယောင်္ကျား ကိုတင်အောင် ကတော့ မယက လို့ ရပ်ကွက်ထဲနာမည်ကြီးနေတာကို မမှုသလို ခပ်ပြုံးပြုံးခပ်အေးအေးနေလေ့ရှိသူပါ.။ လိုက်လဲလိုက်တဲ့လင်မယားပါပဲ။
တစ်နေ့တော့...ခင်မတစ်ယောက် ငိုကြီးချက်မနဲ့ ကျွန်မဆီရောက်လာပါတယ်.။ကြည့်ရတာလဲ အတော်လေးကိုဝမ်းနည်းပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေပုံပါပဲ.။ “ ကိုတင်အောင်မှာနောက်တစ်ယောက်ရှိနေပြီ အေ့.. ငါဘာလုပ်ရမလဲသူငယ်ချင်းရယ်..ကယ်ပါအုံး..ကလေး ၃ယောက် ကိုမှအားမနာ ဒင်းမို့လုပ်ရက်တယ်ဟယ်..”
ကြားရတာ ကျွန်မရင်ထဲ မှာ အပူကူးပြီး ခင်မနီးပါးကျွန်မ စိတ်မချမ်းသာပါဘူး..။ “ ခင်မရေ..ကိုယ်ပြောဖူးတဲ့စကားတွေ ခင်မမေ့နေလို့ ပါ..။အမြဲတမ်းခင်မကို ကိုယ်သတိပေးခဲ့တယ်။ သူတို့ တရားဝင်လက်မထပ်ရသေးဘူးဆိုရင်နောက်မကျပါဘူး ခင်မရယ်။ အိမ်ထောင်ရှိတဲ့ယောင်္ကျားကို တက်မက်မိတဲ့မိန်းမတိုင်း သူတို့အခြေအနေကိုသူတို့ နားလည်မှာပါ။ ခင်မသာ စိတ်ကိုအေးအေးထားပြီး ကိုယ်ပြောသလိုလေး လိုက်လုပ်ကြည့်ပါလားဟင်”
” ငါဘာလုပ်ရမလဲ.. အခုချက်ချင်းပြေးပြီး အဲကောင်မ ကို ပါးဆွဲရိုက်ချင်တာပဲ ရှိတော့တယ်အေ ”
” အိုး..ဘယ်တော့မှမလုပ်ပါနဲ့ ခင်မရယ်.. ကိုယ့်လူကိုယ်သာ နိုင်အောင်ထိန်းရမှာပေါ့..။ သူက ခင်မနဲ့ မဆိုင်သလို ပိုင်လဲမပိုင်ဘူးကွယ်..။တော်ကြာ တရားစွဲတာတို့ ရဲတိုင်တာတို့ ဆိုခင်မပဲ ကလေးတွေထားပြီးပြဿနာရှင်းရမှာမဟုတ်လား.။ ကို်ယ်ပြောတဲ့အချက်အတိုင်း နေထိုင်ကြည့်ပါ သူငယ်ချင်း.. ကိုတင်အောင်ကြီး အိမ်မြဲ ပြီး စိတ်ပြန်လည်လာမှာပါနော်.။ ခင်မရေ..စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်တရားလေးတစ်ပုဒ်လောက်နာ လိုက်ပြီး တရားမှတ်လို့ ရရင်မှတ်နေပါ.။ ကိုယ်စာနဲ့ ရေးပေးလိုက်မယ်.. ခင်မ စာဖတ်မပျင်းနဲ့ တော့နော်.။ ”
၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။
၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )
၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)
၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြု ပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )
၅..။ ယခင်ကထက်ပို၍ လေးလေးစားစားဆက်ဆံပါ.။ ဂရုတစို်က် ကြင်နာယုယပါ.။
၆..။ မိမိကိုယ်ကို မိမိ ငယ်စဉ်က ကဲ့သို့ သပ်ရပ်စွာ ဝတ်စားပြင်ဆင်ပါ.။ ( အလွန်အကျွံ အလှအပ ခြယ်သခြင်းကိုမဆိုလို ပါ .။ သပ်သပ်ရပ်ရပ်နှင့်သန့် ရှင်းသောအဝတ်အစားများကိုဝတ်ဆင်ပါ)
၇..။ အလွန်ပူလောင်သောပရိဒေဝ မီးတစ်မျီုးလောင်မြိုက်နေ မည်ကို ငြိမ်းသတ်ရန် တစ်နေ့ အနည်းဆုံးတရားဓမ္မ တစ်ပုဒ် နာပေးပါ..။
၈..။ သားငယ် သမီးငယ်များကို ယခင်ကထက်ပို၍နွေးထွေးကြင်နာစွာ ပြောဆိုဆက်ဆံ ဂရုစိုက်ပေးပါ.။ ( မိမိဘဝတွင်လင်ယောင်္ကျားထက်အရေးကြီးသော သားငယ်သမီးငယ်များအား လင်ပူကြောင့်လစ်လျုရှုမိသလိုမဖြစ်ပါစေနှင့်)
၉..။ အချိန်အနည်းငယ်ရ လျင် လှလှပပဝတ်စားပြင်ဆင်၍ သားသမီးများနှင့်ဖြစ်စေ..သူငယ်ချင်းအဖော်နှင့်ဖြစ်စေ အပြင်ထွက်လည်ပတ်ခြင်းစကားပြောခြင်း ပြုလုပ်ပေးပါ..။ အလုပ် လုပ် ကိုင်ရန်အခွင့်အလမ်းရှိပါက လုပ်ငန်းခွင်ဝင်ပါ .။
၁၀..။လင်ယောင်္ကျားနှင့်လတ်တလောပက်သက်နေသောမိန်းကလေး ၏သတင်းကို အစရှာဖွေ စုံစမ်းခြင်း ကိုအထူးရှောင်ကြဉ်ပါ.။ ( အကျိုးမရှိပါ..တကယ်ကျူးလွန်သူမှာ မိမိလင်ယောင်္ကျားသာဖြစ်ပါသည်။ သင့်ခင်ပွန်းစိတ်နှလုံးကိုသင့်ဆီပြန်လည်လာအောင်လုပ်ဆောင်ရာတွင် ကြီးစွာသောအနှောင့်အယှက်မှာ တစ်ဖက်မိန်းကလေးအားအမျိုးမျိုးစုံစမ်းဆက်သွယ်ခြင်းပင် ဖြစ်ပါသည်.။)
၁၁ ..။ သင်နှင့် သင့်ခင်ပွန်းနှစ်ယောက်ထဲ ရှိနေချိန်မျိုး ရအောင်ဖန်တီးယူပါ.။ သာယာသောအခြေအနေ မျိုးဖြစ်ပါစေ.။
၁၂..။ သင် ဘယ်လောက် ခင်ပွန်းလင်အပေါ်ချစ်ကြောင်း ..သိအောင် အပြုအမှု အပြောအဆိုအားဖြင့် အသိပေးပါ.။
၁၃..။ သင့်ခင်ပွန်းဂုဏ်သိက္ခာ ကို သင့်အသက်လိုကာကွယ်ပေးပါ.။ ( ဖောက်ပြန်မှု သတင်းကိုသင်ယုံကြည်စိတ်ချရသူ အနည်းငယ်မှတစ်ပါး မည်သူ့ ကိုမျှ လိုက်လံမပြောကြားသင့်ပါ )
၁၄ ..။ မည်သည့်အကြောင်းကိစ္စ ကိုမဆို စိတ်ကိုတည်ငြိမ်စွာထားတတ်အောင် တရား ထိုင်ခြင်း.. အိမ်မှုကိစ္စ အဝအဝ ပြုလုပ်နေစဉ် သတိလေးကပ်၍ တရားမှတ်ခြင်း မကြာခဏ ပြုပေးပါ.။ ( တည်ငြိမ် သော မိန်းမသားတိုင်းကိုယောင်္ကျားတိုင်းလန့် လဲလန့်တယ်လေးလဲလေးစားမှု ရှိတယ်.. တစ်ခွန်းဆိုတစ်ခွန်းဆိုသလောက်စကားအရာမှာအောင်နိုင်မှု ရနိုင်ပါတယ်)
“ဒါပါပဲ ခင်မရေ.. စိတ်ချပါ ထူးမှာပါနော်..စိတ်တော့ရှည်ရမယ် သူငယ်ချင်း..တို့မိန်းမသားဘဝ က အရှုံးချည်းပဲမဟုတ်လား..။
အဲဒီအရှုံးတွေ ထဲ ကမှအမြတ်ထွက်အောင် နေတတ်ပြောတတ် မှဖြစ်မယ်”
“ခင်မပြောင်းလဲမှုကို ကိုတင်အောင်ကြီး အသဲမမာနိုင်ပါဘူးကွယ်.။ သံယောဇဉ်ဆိုတာ အစဉ်သဖြင့် နွေးထွေးစေတဲ့ အရာပါ..။ ပြီးတော့ တို့ ဇနီးမယား ဆိုတာ လင်ယောင်္ကျားရဲ့ မိခင် နဲ့ ညီမ ပေါင်းစပ်ထားသလိုမို့ .. သားကို အမေကခွင့်လွှတ်သလို ..အစ်ကို ကို နှမက ခွင့်လွှတ်သလို ခွင့်လွှတ်ပေးတတ် ကြသူများပါ.။ စိတ်အေးအေး ထားပြီး အတတ်နိုင်ဆုံးခွင့်လွှတ်ပေးကြရအောင် နော်..သားတို့ သမီးတို့ ရဲ့ အဖေမဟုတ်လား သူငယ်ချင်း”
စိတ်အနည်းငယ် ငြိမ်ချမ်းသွားတဲ့ ခင်မ ကို ကြည့်ရင်း ကျွန် မဆုတောင်းပေး မိတယ်။ ဒီလိုပြသနာမျိုး ကျွန်မအောင်မြင်စွာ ကျော်ဖြတ်နိုင်သလို သူငယ်ချင်း ခင်မလဲ ကျော်ဖြတ်နိုင်ပါစေ... လို့
လေးစားကျေးဇူးတင်လျက်
  မနတ်သမီး...အနာဂတ်ကြယ်ပွင့်လေးများမှ

နိုင်ငံရပ်ခြား ဟာသများ

သဘောပေါက်
စာမေးပွဲဖြေပြီးနောက် ဖခင်က သားကိုပြောသည်။
“ဖေဖေ့ကို သားရဲ့ အရည်အချင်းမှတ်တမ်းကတ်ပြား ပြပါဦးကွ”
“သား သူငယ်ချင်းတစ်ယောက် ခဏ ငှားသွားပါတယ်။ သူ့အဖေကို သားရဲ့ကတ်ပြားညာပြပြီး ခြောက်လှန့်ဦးမယ်တဲ့ဗျ”
မေ့တတ်ပုံများ
သောမတ်(စ်) အက်ဒီဆင်သည် အန်ဂျေအော်ရိန်းတွင် ရထားတစ်စင်းပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာခဲ့သည်။ တီထွင်သူပညာရှင်ကြီးရဲ့ မေ့တတ်ပုံကိုသိသော ဘူတာရုံအုပ်က မေးသည်။
“မစ္စတာ အယ်ဒီဆင်…ခင်ဗျား တစ်ခုခု ကျန်နေသေးသလား”
အယ်ဒီဆင်က ခရီးဆောင်အိတ်များကို အမြန်ရေရင်း ပြန်ဖြေလိုက်သည်။
“မကျန်ပါဘူးဗျာ။ အားလုံးပါပါတယ်”
ထိုသို့ပြောရင်း သူသည် ရထားပေါ်သို့ အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ထို့နောက် ခရီးဆောင်အိတ်ကိုချရင်း စီးလာခဲ့သောရထားဆီသို့ ပြန်ပြေးသွားပါသည်။ သူ့ကို အလျင်စလိုဖြစ်အောင် သတိပေးလိုက်သောအရာမှာ ပျားရည်စမ်းခရီးမှ သူနှင့်အတူပြန်ပါလာသော သတို့သမီး၏မျက်နှာကို ပြတင်းပေါက်တွင် တွေ့လိုက်ရသောကြောင့်ပင်…။
စောင်းမပြောနဲ့
ကျွန်မ အလုပ်လုပ်နေသော စားသောက်ဆိုင်က မန်နေဂျာမှာ ပျော်ပျော်နေတတ်သဖြင့် လူချစ်လူခင်ပေါများသည်။ သို့ရာတွင် သူ့ရှေ့၌ သူ့အရပ်နှင့်ပတ်သက်ပြီး မည်သူမှ မပြောရဲကြချေ။ အကြောင်းမှာ သူသည် အလွန်အမင်း အရပ်ပုသောကြောင့်ပင်။ တစ်နေ့တွင် သူသည် ဆိုင်တံခါးကို ဒေါနှင့်မောနှင့်ဖွင့်ကာ ပြောလိုက်ပါသည်။
“ငါ ခါးပိုက်နှိုက်ခံရတယ်”
ကျွန်မနှင့် အပေါင်းအဖော် စားပွဲထိုးကောင်မလေးများမှာ မှင်သက်သွားကြသည်။ ထို့နောက် စားပွဲထိုးတစ်ယောက်၏ ပြောစကားကြောင့် မန်နေဂျာမှာ ပို၍ ဒေါသထွက်သွားတော့သည်။
“ဘယ်သူကများ ဒီလောက်တောင် ခါးကုန်းနိုင်ပါလိမ့်နော်”တဲ့။
တန်စေရမယ်
သွားဆေးခန်း တစ်ခုတွင်ဖြစ်သည်။
“သွားနှုတ်ခ ဘယ်လောက်ယူသလဲ”
“နှစ်ဒေါ်လာပါဆရာ”
“ဟာ..တစ်မိနှစ်တည်းနဲ့ များလိုက်တာဗျာ”
“ကောင်းပြီလေ…ခင်ဗျား ဘယ်လောက်ကြာကြာ နှုတ်ချင်သလဲ။ ခင်ဗျား ကျေနပ်အောင် အချိန်ဆွဲ နှုတ်ပေးပါမယ်ဗျာ”
                                                                  တရားခံဘယ်သူလဲ
စိုက်ပျိုးရေးဝါသနာပါသော အခင်းနားချင်း ကျွန်တော့်သူငယ်ချင်းက သူ့စိုက်ခင်းများကို ခရုတွေဖျက်သဖြင့် ညည်းရှာသည်။
ကျွန်တော်၏ ငါးနှစ်အရွယ်သားငယ်က ဂရုတစိုက် နားထောင်ပြီးနောက် ပြောလိုက်သည်။
"ဦးလည်း ဖေဖေလို လုပ်ကြည့်ပါလား။ ဖေဖေဆိုရင် ခရုတွေကို ခြံစည်းရိုးကျော်ပြီး ပစ်လိုက်တာပဲလေ"
ရောက်မှမရောက်သေး
"မင်းဘာလုပ်နေတာလဲ" ဟု ပီတာကမေးသည်။
"ငါ့ဆီကို ငါစာရေးနေတာပါ" ဟု ဂျက်ကဖြေသည်။
"မင်းဆီကို ဘာတွေများ ရေးနေတာလဲဟ"
"ငါဘယ်သိမလဲကွ။ စာက မနက်ဖြန်မှ ငါ့ဆီရောက်မှာလေ"
ဖြတ်တာအရင်ပေး
လူငယ်ဇနီးမောင်နှံသည် ပေးဆပ်ရမည့် လစဉ်ကြွေးများကို စစ်ဆေးရာ နောက်ဆုံးနှစ်ခုသို့ ရောက်လာပါသည်။
"အလို…ဟန်နီရေ…ကိုယ်တို့တော့ ဘိုင်ပြတ်နေပြီကွ။ မီတာကြေးနဲ့ ဆရာဝန်ကြေး ဘယ်ဟာအရင်ပေးရင် ကောင်းမလဲ။ ကိုယ်တော့ စဉ်းစားရ ကြပ်နေပြီကွာ" ဟုခင်ပွန်းက ပြောသည်။
"အို…မီးတာကြေးပဲ အရင်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ကတော့ ရှင့်ရဲ့ သွေးစီးကြောင်းတွေ ပိတ်ပစ်မှာ မဟုတ်ပါဘူး"
အာဂ ယောက်ျား
အရက်ဆိုင်တွင် လူသုံးယောက် စကားပြောနေကြသည်။ နှစ်ယောက်က သူတို့၏ ဇနီးများအပေါ် အနိုင်ယူပုံများကို ကြွားဝါပြောဆိုကြသည်။  တတိယတစ်ယောက်ကမူ ထူးထူးခြားခြား နှုတ်ဆိတ်နေသည်။ အချိန်အနည်းငယ်အကြာတွင် လူနှစ်ယောက်အနက် တစ်ယောက်က တတိယလူကို မေးလိုက်သည်။
"ကဲ…မင်းကရော ဘယ်လိုလဲကွ။ မင်းဇနီးကို ဘယ်လိုနည်းနဲ့ အနိုင်ယူသလဲ"
"ငါပြောပြပါမယ်ကွာ။ တစ်ညကဆိုရင် ငါ့ဇနီး ငါ့ဆီကို လေးဘက်ထောက်ပြီးတောင် လာရတာကွ"  ဟု တတိယတစ်ယောက်က ပြောဆိုသည်။
"ဝိုး…ဒီနောက်ရော ဘာဖြစ်သေးလဲ "
တတိယလူက ဘီယာကို အားပါးတရ သောက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့မိန်းမက ပြောသေးတယ်ကွ။ ကုတင်အောက်က ထွက်လာပြီး ယောက်ျားပီပီ တိုက်ခိုက်စမ်းပါတဲ့"
နေလင်းအောင်

ယောက်ျားများ ကြောက်သော မိန်းမ (10)မျိုး

ယောက်ျားများကြောက်သော မိန်းမ
ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ်။
ဘယ်လို မိန်းကလေးမျိုးကိုေ ယာက်ျားများ ကြောက်ကြပါသလဲ။ မိန်းကလေး တိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။
(၁) ညစ်ပတ်သောမိန်းမ
ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထား သလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မ ရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများ လည် ပေကျံနေတတ်သည်။
(၂)အတင်းပြောသောမိန်းမ
BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြော တတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ် သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာ သည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေ တတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်း ဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအ တွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြ သည်။ ယော ကျာ်းလေး တစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်း ပင်ဖြစ်သည်။

(၅) နှုတ်ကြမ်းသောမိန်းမ

စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရ ခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစား သည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။
(၆) သ၀န်တိုလွယ်သောမိန်းမ
ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်း ကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်း နှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်း ကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။
(၇) တုံးအသောမိန်းမ
အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်း ကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ် ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေး မျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေး များသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာ လာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီးဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်း ကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ် ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။
(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ
ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရ ခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။
(၁၀) ချွဲနွဲ့လွန်သောမိန်းမ
မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင် နှင့်(ခေတ်စကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ် သည်) လူကွယ်ရာတွင်မှု ဆန့်ကျင် ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

မိန်းမတွေအထာပေးတဲ့ပုံစံ ရှစ်မျိုး

အဲ့လိုလေးမလုပ်တတ်ရင် လေ့ကျင့်လို့ရတာပေါ့ .. ကိုယ်ကြိုက်နေတဲ့ကောင်လေးတွေရှိရင် ... ကဲ .. အထာပေးတတ်ကြပါစေ :P

မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)
ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။
(မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)
ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ်
တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ
(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)
ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက
ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း
ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး
မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)
ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကိုမကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်
နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့
လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)
ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို
ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး
ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)
ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့
မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)
ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်
တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)
အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်
တာပေါ့............................
    အနာဂတ်ကြယ်ပွင့်လေးများထဲမှ..

ဖလပ်စောင်းလင့်တွေကို .. Download လုပ်နည်းလေးပါ..

ဟိုင်း.. .
တတ်သည့် ပညာမနေသာ ဆိုရမလား .. အခက်အခဲဆိုတာ လူတိုင်း ကြုံမြဲပါဘဲ...
မကုန်တန်း ပညာတွေကို ... တတ်သည့်သူတွေလည်း တတ် ..
မသိသေးသူတွေလည်း .. မသိသေးတာ.. မဆန်းပါဘူးဗျာ..
သူငယ်ချင်းတို့လည်း ကြားဘူးမှာပါ (ပညာဟုသည် အိုသည်မရှိ) အဲ့ထဲမှာ ကျွန်တော်လည်း မသိသေးတာတွေ တော်တော်များပါတယ်..
အခု ပို့စ်လေးကလည်း ဘယ်လောက်မှ မခက်ပါဘူးလို့လဲ ထင်ပါတယ်.. အလွယ်တကူ နည်းလေးတွေရအောင်လို့ သိသမျှလေးကို ..
ရေတတ် မရေးတတ် နားလည်အောင်တော့ ဖော်ပြလိုက်ပါတယ်..
ကဲကဲ ..
အခုက နည်းပညာရပ်လေးတစ်ခုကတော့ .. ဖလပ်စောင်းစ် သီချင်းတွေကို ..ကွန်ပျူတာနဲ့ဘဲ အလွယ်တကူ.
ဒေါင်းလော့ယူနိုင်တဲ့ နည်းလေးတစ်ခုပါ..
သူငယ်ချင်းတို့လည်း ဖတ်ရင်း တစ်ခါတည်း လိုက်လုပ်ကြည့်စေချင်ပါတယ်...နော်.. မသိသေးသူတွေအတွက်ပါ...
အောက်က ဟာသလင့် .. လေးကို နှိပ်လိုက်ပါ..
http://api.ning.com/files/QHUyJkGNi5J8L7dmblLvyPVrkgKEZaIDjRiR53*C2...
_နှိပ်ပြီးရင် .. google window အသစ်မှာ မျှားအ၀ါလေးနဲ့ ပြထားပါတယ်.. ဒီလိုပေါ်တာကိုတော့.. လူတိုင်းသိပါတယ်..
_
ပြီးရင်တော့.. အပေါ်မှာ လေဘယ်တွေ ပါပါတယ်.. အဲ့တာကတော့ ..File / Edit / View/ ... Tools.. အစရှိပေါ့..
အဲ့ လေဘယ်ထဲကမှ Tools ကို နှိပ်လိုက်ပါ ..Page info ကိုရှာပါ.. ပီးရင် နှိပ်လိုက်ပါ.. အောက်မှာ ဒီလို ဘောင့်စ် လေးကြလာပါမယ်.. ခင်ဗျာ..
ပုံကို ထပ်ကြည့်ပါ...

ထပ်မံ.. မျှား အစိမ်းလေးနဲ့ .. အပေါ်ကမျှာ.ထိုးထားတဲ့ နေရာက Media ကို နှိပ်ပါ..
နှိပ်ပြီးရင်.. .Save as နှိပ်လိုက်ပါ.. ဒါဆို ကွန်ပျူတာ Desktop ပေါ်မှာ တင်ပေးလိုက်ပါ ..
အဲ့တာဆိုရင်. . ထပ်မံနားထောင်လို့ရသွားပါပြီး.. အချိန်မရွေး.. ဖိုင်တစ်ခုအနေနဲ့ .. ရှိနေမှာပါ.. အဲ့ဖိုင်ပုံလေးကလဲ Flv player.နဲ့ပြထားပါတယ်.. အောက်က ပုံကို ထပ်မံကြည့်လိုက်ပါ.. အခုကျွန်တော် save as နှိပ်ပြီးတော့ Desktop ပေါ်တင်ထားတာပါ.. မျှားအစိမ်းလေးနဲ့ ပြထားပါတယ်.. ဖိုင်ပုံကို မြင်ရအောင်လို့ပါ..

အော်.. ရှိသေးတယ်နော်. .အဲ့သလို လုပ်ပြီးတော့ ကလစ်နှိပ်လိုက်ရုံနဲ့ မပွင့်ဘူး ဖြစ်နေပါလိမ့်မယ်.. တစ်ချို့ကွန်ပျူတာတွေက..
အဲ့တာရဲ့ ပြဿနာကတော့ ဒီဖိုင်ကို ဖွင့်နိုင်မဲ့ .. ပလေရာရှိရင် အဆင်ပြေပါတယ်. အဲ့အတွက်လည်း စိတ်မညစ်ပါနဲ့ .. နှိပ်ကြည့်လို့ ..
မပွင့်ဘူးဆို.. လွယ်ကူ မြန်ဆန်တဲ့ ခေတ်သစ်မှာနေတာဆိုတော့ ဒေါင်းလော့စ် ပြေးဆွဲလိုက်ပါ.. မမောပါဘူးထင်ပါတယ်..
အောက်ကလင့်လေးကို နှိပ်၍ ယူနိုင်ပါသည် ...အခုကျွန်တော်သုံးနေတာလဲ ပါပါတယ်.. အဆင်ပြေမှာပါ..
တစ်ချို့ကွန်ပျူတာတွေကြတော့ တစ်ခြားပလေရာတွေနဲ့လည်း ဒီဖိုင်ကို ဖွင့်လို့ရပါတယ်..
Gomplayer download
ကျွန်တော့်ရဲ့ အတွေး ကျွန်တော့်အရေးနဲ့ ..နားလည်၍ အသုံးပြုနိုင်ကြပါစေ.. ခင်ဗျာ..
လေးစားလျက် (လမင်း)

Monday, December 10, 2012

Css Menu Bar လေးတည်ဆောက်ကြမယ်


သည်နည်းပညာလေးကတော့ Menu လှလှလေးတ်ညဆောက်လိုသေူတွအတွက် အထောက်ကူပြုစေမဲ့ နည်းလမ်းလေးတစ်ခုပါ... ဘလော့မိတ်ဆွေတို့ သိကြမှာပါ  Menu ဆိုတာ တက်ပလက်တိုင်းအော်တိုမပါဘူးဆိုတာပေါ့..အဲလို အော်တိုမပါတဲ့ ဟာတွေနဲ့ တွေ့တဲံအခါ ကျနော်တို့အနေနဲ့ အခက်ခဲ ဖြစ်စေပါတယ်.. ဥပမာဗျာ... ကိုယ်က သည်တက်ပလက်ဒီဇိုင်းလေးကို
ကြိုက်နေတယ်.. ဟော..ဒါပေမယ့် Menu တွေပါမလာဘူးးးဆိုပါတော့... အဲလိုတွေ့တဲံအခါ ဒါလေးက အသုံးဝင်လာပြီလေ.. ဒါကြောင့် ဘလော့တစ်ခု လုပ်ပြီဆိုရင်တော့  Menu ကိုလည်း ကိုယ်တိုင်ထည့်တတ်မှ ဖြစ်မှာပါ...သည်စိတ်ကူးလေးနဲ့  Menu Tab တွေကိုတင်ပြပေးလိုက်တာပါ..
ထည့်နည်းလေးကိုရှင်းပြပါ့မယ်..နော်...

အဆင့်   (၁) ...........
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  DASHBOARD ကိုသွားလိုက်ပါ။
►3-  LAYOUT    ကိုကလစ်ပါ..။
►4-  EDIT HTML  ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  EXPAND WIDGET TEMPLATES ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

]]></b:skin>   ကုဒ်ကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အပေါ်ကပ်ပြီး ပေးထားတဲ့ အောက်ကကုဒ်တွေကို ထည့်ပေးလိုက်ပါ...

/* The CSS Code for the menu starts here */
.rhm1{
 width:780px;
 height:64px;
 margin:0 auto;
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2urkxjJPys8_uiA9Cp_p6rdlvsjSyZlKH8emHcsYYhfv12ManjWKTLqzXM1eRKcS3TjdE0xwMPDztGxmF6lAUhcU_hESnEPT90wdc236O7OIFy71U8_CuJeyVAvdIp7GWqDVrho3_vA/s1600/rhm1_bg.gif) repeat-x;  
}
.rhm1-left{
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_WVkhyhCV93yndHXf7nhFP3Orxw2yiaWpWz2aisDSThXXX2uKGDtUlEm_H6YXiWlv6mhKy3q7ZszEOLnA-3h8EmvP7H0oONzePYQPLofZAj9jxWR7BKEhDyPtlbjEazykilBJTKk0yvw/s1600/rhm1_l.gif) no-repeat;
 width:15px;
 height:64px;
 float:left;
}
.rhm1-right{
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-CfsdmLR_RWFiE1psLgH1hB7xzJXcOuyl044eR54kuIMssbfhZoZ7gOUpEioJ1TaHGqAcH5OBUloICs_CY87YndKcXkEMyU5p6LMxwKklfKuhSSDB0uGwUzxD-_Vu-UcGC2ye1T6YMc/s1600/rhm1_r.gif) no-repeat;
 width:15px;
 height:64px;
 float:right;
}
.rhm1-bg{
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2urkxjJPys8_uiA9Cp_p6rdlvsjSyZlKH8emHcsYYhfv12ManjWKTLqzXM1eRKcS3TjdE0xwMPDztGxmF6lAUhcU_hESnEPT90wdc236O7OIFy71U8_CuJeyVAvdIp7GWqDVrho3_vA/s1600/rhm1_bg.gif) repeat-x;
 height:64px;
}
.rhm1-bg ul{
 list-style:none;
 margin:0 auto;
}
.rhm1-bg li{
 float:left;
 list-style:none;
}
.rhm1-bg li a{
 float:left;
 display:block;
 color:#ffe8cc;
 text-decoration:none;
 font:12px 'Lucida Sans', sans-serif;
 font-weight:bold;
 padding:0 0 0 18px;
 height:64px;
 line-height:40px;
 text-align:center;
 cursor:pointer; 
}
.rhm1-bg li a span{
 float:left;
 display:block;
 padding:0 32px 0 18px;
}
.rhm1-bg li.current a{
 color:#fff;
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEienRU1U8aqP8qVTPBrhCOwC15XIfbSfYTf2AeQKDeV0rofnzimk51Su59YOQHAMpk49nRM69pSkZ6vrHhzcOafUm736q6H8OgwY5yb2OzE_9Cfzg6wZC0jxslV7X2usnAcgE5x8otfIF4/s1600/rhm1_hover_l.gif) no-repeat left 5px;
}
.rhm1-bg li.current a span{
 color:#fff;
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEwPGtaC5vFPhHSSIiKcW4FzETK9N927_lCcDvpjMQZlGtSwuxoifnGQcBPbiEmMEgXvLNOUSQo0VTQcgcTv0_ze4wnC-pdLRiT5DxMGfwKsnNwoCXHEKLbnDsh2zfIA5_yRcWUAUt3k/s1600/rhm1_hover_r.gif) no-repeat right 5px;
}
.rhm1-bg li a:hover{
 color:#fff;
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEienRU1U8aqP8qVTPBrhCOwC15XIfbSfYTf2AeQKDeV0rofnzimk51Su59YOQHAMpk49nRM69pSkZ6vrHhzcOafUm736q6H8OgwY5yb2OzE_9Cfzg6wZC0jxslV7X2usnAcgE5x8otfIF4/s1600/rhm1_hover_l.gif) no-repeat left 5px;
}
.rhm1-bg li a:hover span{
 color:#ffffff;
 background:url(https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEwPGtaC5vFPhHSSIiKcW4FzETK9N927_lCcDvpjMQZlGtSwuxoifnGQcBPbiEmMEgXvLNOUSQo0VTQcgcTv0_ze4wnC-pdLRiT5DxMGfwKsnNwoCXHEKLbnDsh2zfIA5_yRcWUAUt3k/s1600/rhm1_hover_r.gif) no-repeat right 5px;
}

ပြီးတာနဲ့ မိမိတို့ တက်ပလက်ကို save လိုက်ပါ။

အဆင့်   (၂)  ..............
နောက်တဆင့်ကတော့....သည်လိုလေးပေါ့...
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

<!--fobbleup.blogspot.comMenuBar Starts-->
<div class="rhm1">
<div class="rhm1-right"></div>
<div class="rhm1-left"></div>
<div class="rhm1-bg">
<ul>
 <li class="current"><a href="#"><span>Home</span></a></li>
 <li><a href="#"><span>ကဗျာ</span></a></li>
 <li><a href="#"><span>ဗဟုသုတ</span></a></li> 
 <li><a href="#"><span>တရားတော်</span></a></li>  
 <li><a href="#"><span>သတင်း</span></a></li> 
</ul>
</div>
</div>

ဒါဆို မိမိဘလော့မှာ လှပတဲ့ menu ခေါင်းစဉ်တန်းလေး ရရှိနေပါပြီနော်...
မှတ်ချက် ။    ။ အနီရောင် အမည်တွေမှာ မိမိနှစ်သက်ရာ ထားပေးပါ..
                   #  သည်နေရိာကုတော့ မိမိတို့ ဘလော့ labels ကလင့်တွေနဲ့ အစားထိုးလိုက်ပါ..
လင့်ချိတ်ပေးရမယ်ပေါ့..လင့် ချိတ်နည်းကို မသိသေးသူများအတွက်  သည်နေရာမှာ လေ့လာနိုင်တယ်နော်....ခုနည်းလမ်းလေးက ချိတ်ရတာ ပိုလွယ်ကူပါတယ်.. html ထဲကိုသွားစရာတောင်မလိုပါဘူးး အဆင့် (၂)  မှာ ထည့်ထားတဲ့ Html/Javascript လေးကို Edit ကနေကလစ်ပြီးဖွင့်ထားလိုက်ပါ... မိမိဘလော့ပေါ်က Labels ကနေ  Copy Link Location ယူပြီး
# သည်နေရာလေးမှာ past ချပေးလိုက်ယုံပါဘဲ...မရှင်းပါက အော်ခဲ့ပါ... ချိတ်နည်း ပို့စ် တင်ပေးပါ့မယ်ဗျာ...........

အောင်အောင်(မကစ)
www.ledimyethar.com
www.aungsanmks.blogspot.com
တို့မှာ လာရောက်ပြောဆိုနိုင်ပါတယ်...
          ဘလော့ခရီးသည်  မှ တဆင့်ကူးယူဖေါ်ပြပါသည်။

Marquee code များနဲ့ ပျော်စရာ




How To Make a MarqueeHow To Make a Marquee

ကျွန်တော် နည်းပညာလေးတစ်ခု မျှဝေမယ်ဗျာ... သိပြီးသားလူတွေ အတွက်တော့ အထူးအဆန်း မဟုတ်ပေမဲ့ မသိသေးတဲ့ လူတွေအတွက်တော့ အသုံးဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်... စာလုံးလေးတွေ ဘယ်မှ ညာသွားမယ်... အပေါ်ကိုတတ်မယ်... စသည်ဖြင့် အလုပ်လုပ်ပုံလေးတွေပေါ့..

ဒီစာကြောင်းလေး က ညာဘက်မှ စ၍ဘယ်ဘက်သို့ ရောက်သွားပါ့မယ်... ပြီးရင် ရပ်နေပါလိမ့်မယ်... ရပ်သွားတဲ့ အခါ ပြန်သွားချင်ရင်တော့ refresh လုပ်ပေးပါ.. ပြန်သွားပါလိမ့်မယ်... စမ်းကြည့်ပါ။

Your slide-in text goes here


<marquee behavior="slide" direction="left">Your slide-in text goes here</marquee>


ဒါလေးကတော့ ညာဘက်ကို မရပ်တမ်း မနားတမ်း သွားနေမှာပါ...

Your scrolling text goes here



<marquee behavior="scroll" direction="left">Your scrolling text goes here</marquee>


ဒါကတော့ ဘောင်စင် လို့ခေါ်တဲ့ ဟိုဘက် ဒီဘက် ယိမ်းထိုးမယ်....
Your bouncing text goes here


<marquee behavior="alternate">Your bouncing text goes here</marquee>


ဒါကတော့ အပေါ်ကို တတ်မယ် ...
Your upward scrolling text goes here


<marquee behavior="scroll" direction="up">Your upward scrolling text goes here</marquee>


ဒါကတော့ အနှေးအမြန်(speed) ချိန်မယ်
Slow scroll speed
Medium scroll speed
Fast scroll speed


<marquee behavior="scroll" direction="left" scrollamount="1">Slow scroll speed</marquee>
<marquee behavior="scroll" direction="left" scrollamount="10">Medium scroll speed</marquee>
<marquee behavior="scroll" direction="left" scrollamount="20">Fast scroll speed</marquee>

အောင်အောင်(မကစ)  မှတဆင့်ကူးယူတင်ပြပါသည်။...