ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့
စာရှည်လို့ မဖက်ပဲမနေပါနဲ့ အကျိုးရှိ
စေမယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ကျွန်မ သူ့ ကိုအမြဲ သတိပေးနေကြ
“ ခင်မရေ.. ပြင်ပြင်ဆင်ဆင်နေကွဲ့ .
.တော်ကြာ ကိုတင်အောင်ကြီး နောက်
တစ်ယောက်တွေ့မယ်နော် ” လို့ အမြဲတွေ့တိုင်းပြောဖြစ်တယ်။ အဲဒီအခါမှာ သူငယ်ချင်း ခင်မ က
“ အိုအေ..ကလေးပဲ၃ ယောက်ရနေပြီ
ဒင်းခြေမရှုပ်ရဲပါဘူး..ခင်မလက်ချက်မိသွားမှာပေါ့ ” လို့ ပြန်ပြောတတ်တယ်။
ကျွန်မ သက်ပြင်းချရင်း “ အဲဒီ “ခပ်ကြမ်းကြမ်းအပြောတွေပါ လျော့အေ.. ဒါဘဲ..
ငါထပ်မပြောချင်တော့ဘူး.. ရင်လေးတယ်” ပြောလဲပြော ကျွန်မသူ့ အိမ်ကနေ
လေးကန်စွာနဲ့ ပြန်လာမိတယ်။ လမ်းတစ်လျောက်လဲ အတွေးတွေက ဟိုရောက်ဒီရောက်
ပေမယ့် ခင်မရဲ့ ငယ်ရုပ်ငယ်သွေးကို ပြန်မြင်ယောင်နေတာတော့အကြိမ်ကြိမ်ပါပဲ။
ခင်မအပျိုဘဝက တော်တော်လှတဲ့ မိန်းမ စာရင်းဝင်မယ်ထင်တယ်။ ခုများတော့
ကလေး ၃ ယောက် က တစ်ဖက်အိမ်မှုကိစ္စကတစ်ဖက်နဲ့ ဆံပင်စုတ်ဖွာ ကို
ညှပ်ကလစ်ကြီးနဲ့နောက်လှန်တင်ထား ပြီး
အနွေးထည်တစ်ထည်ခပ်ပါးပါးကိုအမြဲဝတ်ထားတာမြင်ရတော့အဖွားကြီးအိုပေါက်စနှယ်
ရှိရင်းစွဲအသက်ထက်ရင့်ရော်လို့နေတယ်.။ အသက် ကတော့ကျွန်မနဲ့တူတူ ၃၈ ပေါ့။
သူတို့
အိမ်ထောင်သက်လဲမနည်းတော့ပါဘူး.ကျွန်မတို့အိမ်ထောင်သက်နီးနီးလောက်ပဲ
။သမီးအကြီးလေးတောင် ၇ တန်းတက်နေပြီပဲ.။အငယ်ဆုံးသားလေးက
တော့မူကြိုတက်နေတဲ့အရွယ်လေးပဲရှိသေးတယ်။ ကလေးတွေကျောင်းပို့ရင်းအိမ်ရှေ့
ကနေ အမြဲ ပျာရီးပျာယာနဲ့ အငယ်ဆုံးကလေးလက်ကိုဆွဲပြီး ဖြတ်လျောက်သွားနေကျ၊
အပြန်ကျတော့ကလေးမပါတာမို့ ကျွန်မအိမ်ကိုတစ်ထောက်ဝင်နားရင်း သူ့
အိမ်သားကိုတင်အောင့် အတင်းလာလာတုတ်နေလေ့ရှိတယ်.။
သူအမြဲ ပြောနေကျစကားက “ လင်နေစ ဆင်သေမှ ဆိုသလိုပေါ့အေ..
ကိုတင်အောင်များမလှုပ်ရဲအောင် ခပ်ကြမ်းကြမ်း ဆုံးမထားတယ်..ငါ ဝဝလာတာ
ခပ်ကောင်းကောင်းသိလား.. ဗလ ကသူ့ထက်သာတော့ တစ်ချက်ကိုင်ဆောင့်လိုက်တာနဲ့
ငြိမ်ကျသွား စေရမယ်..” ဆိုပြီးသူ့စကားသူသဘောတကျ
တစ်ခွိခွိရယ်နေပါလေရော..ကျွန်မကတော့ အမြဲသူနဲ့ ဆန့် ကျင်ဘက်
ပြန်ပြောလေ့ရှိလို့ ကျွန်မ တို့ နှစ်ယောက်သိပ်အစေးကပ်လှတယ်ရယ်မဟုတ်ဖူး။
နောက်ဆုံး ပိတ် “ ဒီမယ်... ညည်းသာလေ..ယောင်္ကျားကိုဘုရား ထူး
သားကိုသခင်ထူးနေ..ကျုပ်တော့ အဲလို
မလုပ်နိုင်ပေါင်..လင်ကြောက်တဲ့မိန်းမ အထဲ ခင်မတို့ မပါ ဘူးအေ့” ဆိုပြီး
အနိုင်ပိုင်းစကားအဆုံးသတ်လေ့ရှိတယ်။ ကျွန်မ
ပြုံးရုံသာပြုံးကျန်နေခဲ့မိတယ်.။ ခက်လဲခက်တဲ့ ခင်မရယ် ..
စာဖတ်ပါဆိုတော့လဲ စာဖတ်ဖို့ အချိန်မရဘူး တဲ့.။ ကောင်းပြီ စာမဖတ်ရင်လဲ
တရားလေးတစ်ပုဒ်တော့ နာဖြစ်အောင်နာဆိုတော့လဲ အခုမှ
လေးဆယ်တောင်မပြည့်သေးတာ ငါက ဘာလို့နာရမှာလဲ ဆိုပဲ.။ သူ့ယောင်္ကျား
ကိုတင်အောင် ကတော့ မယက လို့ ရပ်ကွက်ထဲနာမည်ကြီးနေတာကို မမှုသလို
ခပ်ပြုံးပြုံးခပ်အေးအေးနေလေ့ရှိသူပါ.။ လိုက်လဲလိုက်တဲ့လင်မယားပါပဲ။
တစ်နေ့တော့...ခင်မတစ်ယောက် ငိုကြီးချက်မနဲ့
ကျွန်မဆီရောက်လာပါတယ်.။ကြည့်ရတာလဲ
အတော်လေးကိုဝမ်းနည်းပြီးခြေမကိုင်မိလက်မကိုင်မိဖြစ်နေပုံပါပဲ.။ “
ကိုတင်အောင်မှာနောက်တစ်ယောက်ရှိနေပြီ အေ့..
ငါဘာလုပ်ရမလဲသူငယ်ချင်းရယ်..ကယ်ပါအုံး..ကလေး ၃ယောက် ကိုမှအားမနာ
ဒင်းမို့လုပ်ရက်တယ်ဟယ်..”
ကြားရတာ ကျွန်မရင်ထဲ မှာ အပူကူးပြီး ခင်မနီးပါးကျွန်မ
စိတ်မချမ်းသာပါဘူး..။ “ ခင်မရေ..ကိုယ်ပြောဖူးတဲ့စကားတွေ ခင်မမေ့နေလို့
ပါ..။အမြဲတမ်းခင်မကို ကိုယ်သတိပေးခဲ့တယ်။ သူတို့
တရားဝင်လက်မထပ်ရသေးဘူးဆိုရင်နောက်မကျပါဘူး ခင်မရယ်။
အိမ်ထောင်ရှိတဲ့ယောင်္ကျားကို တက်မက်မိတဲ့မိန်းမတိုင်း
သူတို့အခြေအနေကိုသူတို့ နားလည်မှာပါ။ ခင်မသာ စိတ်ကိုအေးအေးထားပြီး
ကိုယ်ပြောသလိုလေး လိုက်လုပ်ကြည့်ပါလားဟင်”
” ငါဘာလုပ်ရမလဲ.. အခုချက်ချင်းပြေးပြီး အဲကောင်မ ကို ပါးဆွဲရိုက်ချင်တာပဲ ရှိတော့တယ်အေ ”
” အိုး..ဘယ်တော့မှမလုပ်ပါနဲ့ ခင်မရယ်.. ကိုယ့်လူကိုယ်သာ
နိုင်အောင်ထိန်းရမှာပေါ့..။ သူက ခင်မနဲ့ မဆိုင်သလို
ပိုင်လဲမပိုင်ဘူးကွယ်..။တော်ကြာ တရားစွဲတာတို့ ရဲတိုင်တာတို့
ဆိုခင်မပဲ ကလေးတွေထားပြီးပြဿနာရှင်းရမှာမဟုတ်လား.။
ကို်ယ်ပြောတဲ့အချက်အတိုင်း နေထိုင်ကြည့်ပါ သူငယ်ချင်း..
ကိုတင်အောင်ကြီး အိမ်မြဲ ပြီး စိတ်ပြန်လည်လာမှာပါနော်.။
ခင်မရေ..စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်တရားလေးတစ်ပုဒ်လောက်နာ
လိုက်ပြီး တရားမှတ်လို့ ရရင်မှတ်နေပါ.။ ကိုယ်စာနဲ့ ရေးပေးလိုက်မယ်..
ခင်မ စာဖတ်မပျင်းနဲ့ တော့နော်.။ ”
၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။
၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )
၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)
၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြု
ပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ
ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )
၅..။ ယခင်ကထက်ပို၍ လေးလေးစားစားဆက်ဆံပါ.။ ဂရုတစို်က် ကြင်နာယုယပါ.။
၆..။ မိမိကိုယ်ကို မိမိ ငယ်စဉ်က ကဲ့သို့ သပ်ရပ်စွာ
ဝတ်စားပြင်ဆင်ပါ.။ ( အလွန်အကျွံ အလှအပ ခြယ်သခြင်းကိုမဆိုလို ပါ .။
သပ်သပ်ရပ်ရပ်နှင့်သန့် ရှင်းသောအဝတ်အစားများကိုဝတ်ဆင်ပါ)
၇..။ အလွန်ပူလောင်သောပရိဒေဝ မီးတစ်မျီုးလောင်မြိုက်နေ မည်ကို ငြိမ်းသတ်ရန် တစ်နေ့ အနည်းဆုံးတရားဓမ္မ တစ်ပုဒ် နာပေးပါ..။
၈..။ သားငယ် သမီးငယ်များကို ယခင်ကထက်ပို၍နွေးထွေးကြင်နာစွာ
ပြောဆိုဆက်ဆံ ဂရုစိုက်ပေးပါ.။ ( မိမိဘဝတွင်လင်ယောင်္ကျားထက်အရေးကြီးသော
သားငယ်သမီးငယ်များအား လင်ပူကြောင့်လစ်လျုရှုမိသလိုမဖြစ်ပါစေနှင့်)
၉..။ အချိန်အနည်းငယ်ရ လျင် လှလှပပဝတ်စားပြင်ဆင်၍
သားသမီးများနှင့်ဖြစ်စေ..သူငယ်ချင်းအဖော်နှင့်ဖြစ်စေ
အပြင်ထွက်လည်ပတ်ခြင်းစကားပြောခြင်း ပြုလုပ်ပေးပါ..။ အလုပ် လုပ်
ကိုင်ရန်အခွင့်အလမ်းရှိပါက လုပ်ငန်းခွင်ဝင်ပါ .။
၁၀..။လင်ယောင်္ကျားနှင့်လတ်တလောပက်သက်နေသောမိန်းကလေး ၏သတင်းကို အစရှာဖွေ
စုံစမ်းခြင်း ကိုအထူးရှောင်ကြဉ်ပါ.။ ( အကျိုးမရှိပါ..တကယ်ကျူးလွန်သူမှာ
မိမိလင်ယောင်္ကျားသာဖြစ်ပါသည်။
သင့်ခင်ပွန်းစိတ်နှလုံးကိုသင့်ဆီပြန်လည်လာအောင်လုပ်ဆောင်ရာတွင်
ကြီးစွာသောအနှောင့်အယှက်မှာ
တစ်ဖက်မိန်းကလေးအားအမျိုးမျိုးစုံစမ်းဆက်သွယ်ခြင်းပင် ဖြစ်ပါသည်.။)
၁၁ ..။ သင်နှင့် သင့်ခင်ပွန်းနှစ်ယောက်ထဲ ရှိနေချိန်မျိုး ရအောင်ဖန်တီးယူပါ.။ သာယာသောအခြေအနေ မျိုးဖြစ်ပါစေ.။
၁၂..။ သင် ဘယ်လောက် ခင်ပွန်းလင်အပေါ်ချစ်ကြောင်း ..သိအောင် အပြုအမှု အပြောအဆိုအားဖြင့် အသိပေးပါ.။
၁၃..။ သင့်ခင်ပွန်းဂုဏ်သိက္ခာ ကို သင့်အသက်လိုကာကွယ်ပေးပါ.။ (
ဖောက်ပြန်မှု သတင်းကိုသင်ယုံကြည်စိတ်ချရသူ အနည်းငယ်မှတစ်ပါး မည်သူ့
ကိုမျှ လိုက်လံမပြောကြားသင့်ပါ )
၁၄ ..။ မည်သည့်အကြောင်းကိစ္စ ကိုမဆို စိတ်ကိုတည်ငြိမ်စွာထားတတ်အောင်
တရား ထိုင်ခြင်း.. အိမ်မှုကိစ္စ အဝအဝ ပြုလုပ်နေစဉ် သတိလေးကပ်၍
တရားမှတ်ခြင်း မကြာခဏ ပြုပေးပါ.။ ( တည်ငြိမ် သော
မိန်းမသားတိုင်းကိုယောင်္ကျားတိုင်းလန့် လဲလန့်တယ်လေးလဲလေးစားမှု ရှိတယ်..
တစ်ခွန်းဆိုတစ်ခွန်းဆိုသလောက်စကားအရာမှာအောင်နိုင်မှု ရနိုင်ပါတယ်)
“ဒါပါပဲ ခင်မရေ.. စိတ်ချပါ ထူးမှာပါနော်..စိတ်တော့ရှည်ရမယ် သူငယ်ချင်း..တို့မိန်းမသားဘဝ က အရှုံးချည်းပဲမဟုတ်လား..။
အဲဒီအရှုံးတွေ ထဲ ကမှအမြတ်ထွက်အောင် နေတတ်ပြောတတ် မှဖြစ်မယ်”
“ခင်မပြောင်းလဲမှုကို ကိုတင်အောင်ကြီး အသဲမမာနိုင်ပါဘူးကွယ်.။
သံယောဇဉ်ဆိုတာ အစဉ်သဖြင့် နွေးထွေးစေတဲ့ အရာပါ..။ ပြီးတော့ တို့ ဇနီးမယား
ဆိုတာ လင်ယောင်္ကျားရဲ့ မိခင် နဲ့ ညီမ ပေါင်းစပ်ထားသလိုမို့ .. သားကို
အမေကခွင့်လွှတ်သလို ..အစ်ကို ကို နှမက ခွင့်လွှတ်သလို ခွင့်လွှတ်ပေးတတ်
ကြသူများပါ.။ စိတ်အေးအေး ထားပြီး အတတ်နိုင်ဆုံးခွင့်လွှတ်ပေးကြရအောင်
နော်..သားတို့ သမီးတို့ ရဲ့ အဖေမဟုတ်လား သူငယ်ချင်း”
စိတ်အနည်းငယ် ငြိမ်ချမ်းသွားတဲ့ ခင်မ ကို ကြည့်ရင်း ကျွန်
မဆုတောင်းပေး မိတယ်။ ဒီလိုပြသနာမျိုး ကျွန်မအောင်မြင်စွာ
ကျော်ဖြတ်နိုင်သလို သူငယ်ချင်း ခင်မလဲ ကျော်ဖြတ်နိုင်ပါစေ... လို့
လေးစားကျေးဇူးတင်လျက်
မနတ်သမီး...အနာဂတ်ကြယ်ပွင့်လေးများမှ
No comments:
Post a Comment